Icon လေးတွေ ချိန်းပေးမယ့် Barrel (iPhone/iPad/iPod)

ဒီတခါ iDevices တွေ စိတ်ဝင်စားမယ့် App လးတခုပြောပြချင်ပါတယ်။ အဲ့ဒီ App လေးကတော့ Barrel လို့အမည်ရပါတယ် ။ သူရဲ့လုပ်ဆောင်ချက်ကတော့ Home မှာရှိတဲ့ Icon ချိန်းသွားတဲ့နေရာလေးတွေကို ပုံစံအမျိုးမျိုးပြောင်းလဲအောင်ပြုလုပ်နိုင်ပါတယ် ။ အဲဒီ App လေးသွင်းဖို့အရင်ဆုံး Jailbreak လုပ်ထားဖို့လိုပါတယ် ။ Jailbreak လုပ်ထားတဲ့ Devices မှာ Cydia > Search မှာ Barrel လို့ရိုက်ပြီး ရှာနိုင်ပါတယ် ။ တွေ့လျှင် install လုပ်ကာ Respring လုပ်ပါ ။ ပြီးလျှင် Setting အတွင်း Barrel ဆိုတာ လေး ပေါ်လာပါပြီ ။ အဲထဲမှာ မိမိ လိုချင်တဲ့ Icon Motin လေး တွေ ကို တခုဆီ စမ်းကြည့်နိုင်ပါတယ် ။ iPhone / iPad … Continue reading

iPhone မှာ မြန်မာဖောင့်ပေါ်အောင်ပြုလုပ်နည်း

iPhone မှာ Myanmar font ကိုမသွင်းဘဲ တခြား Application တွေနဲ့ ကြည့်လို့ရတာတွေလည်းရှိပါတယ်။ ဒါပေမယ့် အလုပ်တော့နည်းနည်းရှုပ်တာပေါ့ ။ ဟို Browser နဲ့ကြည့်လိုက် ဟို Apps နဲ့ မြန်မာလိုရိုက်လိုက်ဆိုတော့ သိပ်အဆင်မပြေဘူး ။ ဒါကြောင့် တခါတည်း မိမိ ဖုန်းထဲမှာ Zawgyi font သွင်းထားလိုက်မယ်ဗျာ ။ ဒါဆို စာရိုက်ဖို့ကော မြင်ရဖို့ကော မပူရတော့ဘူးပေါ့ ။ ကဲ Zawgyi font သွင်းချင်တဲ့ သူတွေ က တော့ ရှေးဦးစွာ Jailbreak လုပ်ထားဖို့လိုပါမယ် ။ >> Jailbreak လုပ်နည်းကို ဒီမှာရေးပေးထားပါတယ် << Jailbreak လုပ်ပြီးသား ဖုန်းအတွင်းမှ Cydia သို့ဝင်ပါ ။ Cydia အတွင်းမှ Source သို့ဝင်ပါ … Continue reading

iOS 5.1.1 Jailbreak with Absinthe 2.0.4

ကဲ iDevice တွေအတွက် iOS 5.1.1 ကို Jailbreak လုပ်နည်းလေးပြောပြသွားပါမယ်။ အရင် version တွေ က Jailbreak လုပ်ရတာ အနည်းငယ်အခက်အခဲရှိပါတယ် ။ အခု iOS 5.1.1 မှာတော့ Jailbreak က ပိုမို လွယ်ကူစွာ ပြုလုပ်နိုင်ပါတယ် ။ ဆော့ဝဲလ် တွေက လည်း version မြင့်လာတဲ့အတွက်ကြောင့် အခက်အခဲမရှိလွယ်ကူစွာပြုလုပ်နိုင်ပါလိမ့်မယ် ။ iDevice တွေမှာ မြန်မာလို မြင်ချင်တာတွေ ဂိမ်းတွေ လိုချင်ရင်တော့ Jailbreak လုပ်ထားတာ က လွန်စွာ အထောက်အကူပြုပါလိမ့်မယ် ။ ကဲ အခုတော့ iOS 5.1.1 အတွက် Jailbreak လေး စလိုက်ကြရအောင်ဗျာ ။ အဆင့် (၁)ပထမဆုံး မိမိ Device ကို လုံခြုံစွာ Jailbreak နိုင်ရန် itune မှာ Backup … Continue reading

iFun Box for iPhone/iPad/iPod

ကျွန်တော် Mobile အတွက် ဘာမှ သိပ်မတင်ဖြစ်ဘူးပေါ့ ။ ခုတော့ Mobile ကဏ္ဍလေးကို စတင်မိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်။ မသိတာရှိရင်လည်း မေးလို့ရပါတယ် ။ လိုချင်တဲ့ Application ရှိရင် လည်း တောင်းဆိုနိုင်ပါတယ် ။ ပထမ ဆုံး တော့ ပန်းသီး software လေးတခုနဲ့ စတင်မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ ။ iFunbox ကတော့ i Devices တွေ အသုံးဝင်ပါတယ် ။ သူက Jailbreak လုပ်ပြီးသား ဖုန်းတွေမှ အသုံးပြုလို့ရတာပါ ။ Jailbreak လုပ်နည်းကိုလည်း ကျွန်တော် ရေးပေးသွားမှာပါ ။ ဒီ ifunbox လေးကတော့ မရှိမဖြစ်ရှိသင့်တဲ့ Software လေးပါ ။ အောက်မှာ ဒေါင်းလုပ်ဆွဲနိုင်ပါတယ် ။ Apps တွေ သွင်းလည်းလွယ်ပါတယ် ။ သီချင်း ထည့်ရတာလည်း အဆင်ပြေတဲ့အတွက် အားလုံး အသုံးဝင်မှာပါ။Download With Mediafire